Wednesday, August 5, 2009

မလိုချင်တဲ့ ကိုယ်ဝန် Unwanted Pregnancy

ဆေးပညာအရ မရေးခင် သိဖို့ လိုတာလေးတွေ ပြောရဦးမယ်။ ကိုယ်ဝန် ရှိတာကို မလိုချင်ဘူး ဆိုတာ ဘယ်သူက မလိုချင်တာလဲ။ အခြေအနေ၊ နေရာဌာန ဆိုတာတွေ မတူရင် ကိုယ်ဝန်ကို “မလိုရင် မယူနဲ့”လို့ ပြောတာမှာ အမှန်-အမှား ရှိနိုင်တယ်။ ဥပဒေက ခွင့်မပေးတာ ရှိနိုင်သလို၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားက ခွင့်မပေးတာလဲ ရှိနိုင်တယ်။

ဆေးပညာပိုင်းကို ရေးပါတော့မယ်။ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖြေရှင်းနည်း (၃)နည်း မှတ်ပါ။
(၁)ကိုယ်ဝန် မရှိအောင် နေတာ
(၂)ဖျက်ပစ်တာနဲ့
(၃)ဆက်ယူတာ




ဒီမှာရေးမှာက Emergency contraception (EC) ဒါမှမဟုတ် emergency post-coital contraception အရေးပေါ်ကိုယ်ဝန်တားဆေးလို့ ခေါ်တယ်။ morning after pill သုံးတာလို့လဲ ပြောတယ်။ Plan B လို့လဲ ခေါ်ပါသေးတယ်။

နာမည်ကို သေသေချာချာဖတ်ရင်
(၁) သိပ်တိကျတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ ညတုန်းက မှားသွားလို့ မနက်လင်းတာနဲ့ သောက်ရမယ့် ဆေးသဘော ဖြစ်နေတယ်။ အမှန်က ၅ ရက်အထိ သုံးနိုင်တာပါ။
(၂) တားဆီးတဲ့ သဘော ဖြစ်နေတာကို သတိထား စေချင်တယ်။ ဖျက်တာ မဟုတ်ဘူး။

ဒါမျိုးက သိတဲ့ အတိုင်း၊ စိတ်တူသဘောတူ ဖြစ်ရာကနေ မယူချင်တဲ့ အခါတို့၊ စိတ်သဘော လုံးဝ မပါဘဲ မယူချင်တဲ့ အခါတို့၊ အတင်းအဓမ္မ ဖြစ်သွားတာမျိုး တို့မှာ သုံးရမယ့် နည်းပါ။ morning after pill ကို အတူနေ မိပြီးနောက် ၃ ရက်- ၇၂ နာရီ အတွင်း သာလျှင် အားကိုး နိုင်တာပါ။ ၇၅% to ၈၉% ထိရောက်ပါတယ်။ WHO (ကမ္ဘာ့ ကျန်းမာရေး အဖွဲ့) ကတော့ ၅ ရက် အထိ ကြာရင်တောင် သုံးနိုင်တယ်လို့ ဆိုပါတယ်။

Emergency contraception (EC) အရေးပေါ်ကိုယ်ဝန် တားဆေး ဆိုတာက လစဉ် လအလယ်မှာ မျိုးဥ တစ်ခု ထွက်ရမှာကို မထွက်အောင်လုပ်ပေးတာပါ။ ကျား-မ မျိုးဥတွေ တွေ့ဆုံပြီး ပေါင်းစပ် မသွားအောင်လဲ လုပ်ပေးပါတယ်။ ပေါင်းစပ်ြ ပီးရင်လဲ သားအိမ် အတွင်း နံရံမှာ လာတွယ်ကပ် မှာကိုလဲ တားစေ နိုင်တယ်။ (ဆေးနဲ့ ကိုယ်ဝန်ကို ပျက်အောင် လုပ်တယ်ဆိုတာက တွယ်ကပ်ပြီးသားကို ကွာကျအောင် လုပ်ရတာပါ။)

ကိုယ်ဝန် မရှိအောင် တားနည်းကောင်း တစ်ခုဖြစ်တဲ့ သားအိမ်ထဲမှာ ပစ္စည်းထည့်တာလို့ အလွယ်ပြောလေ့ရှိတဲ့ Intrauterine devices (IUDs) ဆိုတာကိုလဲ (၇)ရက်အတွင်း အတွက် အရေးပေါ်နည်း တစ်ခုအဖြစ် သုံးနိုင်ပါတယ်။ ၉၉.၉% ထိရောက်ပါတယ်။ (copper T) လို့လူသိများပါတယ်။

Emergency contraception (EC) အရေးပေါ်ကိုယ်ဝန်တားဆေးထဲမှာ estrogens နဲ့ progestins ဆိုတဲ့ ဟော်မုန်းတွေ ခပ်များများ ပါတယ်။ ကိုယ်ဝန် တားဆေး စားဆေး-combined oral contraceptive pills တွေမှာ ပါတာတွေပါပဲ။ ဒါ့ကြောင့် တစ်ရက် ၁ ပြား စားရတဲ့ တားဆေးကို ၄-၅ ပြား တစ်ခါတည်း သောက်ပစ်တာမျိုးလဲ တချို့က စမ်းပါတယ်။ Mifepristone ကတော့ ဟော်မုန်း မပါတဲ့ ဆေးပါ။

ECPs အမျိုးအစားတွေကတော့
Progestin (levonorgestrel) 1.5 mg တစ်လုံး တစ်ကြိမ်တည်း သို့မဟုတ် 750 μg (၁၂ နာရီခြား) နှစ်ခါခွဲ သောက်နိုင်တယ်။ ၈၉% ထိရောက်တယ်။ ဘေးထွက် ဆိုးကျိုးတွေကတော့ ပျို့ခြင်း၊ အန်ခြင်း၊ ရင်သား တင်းခြင်းတို့ ဖြစ်ပါတယ်။ ဆေးကုမ္ပဏီတွေ ကနေ ၁ပြား၊ ၂ ပြား၊ ၄ ပြား၊ ၅ ပြား၊ ၆ ပြားပါတဲ့ ဆေးကဒ်လေးတွေ ထုတ်လုပ်တယ်။ ဘယ်ဟာဖြစ်ဖြစ် နှစ်ခါ ၁၂ နာရီခြား သောက်ရမှာတွေပါ။

The combined = Yuzpe regimen (estrogen and progestin) ၁၂ နာရီခြား ၂ ခါသောက်ရပါတယ်။
mifepristone 200- or 600-mg

တကယ်လို့ နောက်ကျသွားရင် နည်း ၃ နည်းကို လက်တွေ့သုံးလေ့ရှိပါတယ်။ ရှင်းရှင်းပြောရရင် ဖျက်ပစ်တဲ့ နည်းပါ။ ကိုယ်ဝန်ကို ရက်သတ္တပါတ်နဲ့ ပြောလေ့ရှိပါတယ်။ (၁) ၁၂ ပါတ် (၃ လ)အောက်ဆိုရင် vacuum aspiration ခေါ် လေဟာနယ် စုတ်ပစ်နည်း သုံးတယ်။ (၂) နောက်တစ်နည်းက အများဆုံး သိကြတဲ့ dilation and curettage (D & C) ခေါ် သားအိမ် အ၀ ချဲ့ပေးပြီး ခြစ်ထုတ်နည်းပါ။ (၃) dilation and evacuation (D & E) နည်းကို ၁၂-၁၄ ပါတ် ကိုယ်ဝန်မျိုးမှာ သုံးလေ့ ရှိပါတယ်။

ကိုယ်ဝန်ဖျက်ဆေး “abortion pill” တွေကတော့ RU486 (Mifepristone), mifestone နဲ့ Mifeprex ဖြစ်ပါတယ်။ RU486 (Mifepristone) ဟာ ၅၀-၆၀ ရက်အထိ ကိုယ်ဝန်ကို ဖျက်နိုင်ပါတယ်။ Mifeprex (200 mg) tablets ၃ ပြား (600 mg) တခါတည်း သောက်ခိုင်းတယ်။ တတိယနေ့မှာ ပျက်မကျရင် Misoprostol 200 μg နှစ်ပြား (400 μg) သောက်ခိုင်းပါလိမ့်မယ်။ Mifepristone ကို gemeprost နဲ့ရောပြီး ၁၃-၂၄ ပါတ် ကိုယ်ဝန်ကို ဖျက်ရာမှာ သုံးတယ်။

အရေးပေါ်ကိုယ်ဝန် တားဆေးကို အမေရိကန်လို တိုင်းပြည်မှာတော့ University and women's health centers, health departments, Planned Parenthood centers and hospital emergency departments ဆိုတဲ့ နေရာဌာနတွေမှာ ရနိုင်ကြောင်း ကြော်ငြာထားတယ်။ ကျး-မ မရွေး အသက် ၁၇ နှစ်ဆိုရင် ဆေးလက်မှတ် မလိုဘူးတဲ့။ ဒေါ်လာ ၂၀-၅၀ ပါရင် ပြီးရော။

ကျွန်တော်တို့ ဆီမှာတော့ ဒီလို အကျိုးအကြောင်းလေးတွေ သိဖို့ ဆိုတာတောင် ပညာတွင်းက နက်လှ ပါသေးတယ်။ ဒီစာဖတ်ရုံနဲ့ မလုံလောက်ပါ။ အကြံပေးချင် သေးတာကတော့ ဒုက္ခ ကြုံရင် တိုင်ပင်ဖက်လို အားထားထိုက်တဲ့ ဆရာသမားထံ ချဉ်းကပ်ပါလေ။

Dr. တင့်ဆွေ


Related Posts :



35 comments:

neking said...

မှတ်သားသွားပါတယ်ခင်ဗျ။ဗဟုသုတတွေပါ..
နောက်လဲစာတွေလာဖတ်ပါဦးမယ်

လွတ်လွတ်လပ်လပ်လုပ် said...

ဆရာဗျာ့
သောက်ရမယ့်ဆေးအမျိုးအစားနဲ့
နမူနာ ဆေးကဒ်ပုံလေးတွေပါ တင်ပေးစေချင်ပါတယ်
အများစုက ဘယ်ဆေးက ဘယ်လိုပုံမှန်းမသိဖြစ်နေလို့ဗျာ........။

thit said...

၁၂နာရီခြားနှစ်ခါသောက်ရင် ၁လလုံးအတွက်ပြီးသွားပြီလား?နောက်ဆက်သောက်ဖို့ လိုအပ်ပါသေးလား?ဆရာ။

nectar said...

DR.တင့်ဆွေထိုင်တဲ့ဆေးခန်းကဘယ်မှာပါလဲ

DTS said...

ကျွန်တော်ထိုင်တာ နယူးဒေလီက မြန်မာဒုက္ခသည်များအတွက် အခမဲ့ဖွင့်ထားတဲ့ ယမုန်နာ ဆေးခန်းဖြစ်ပါတယ်။ တပါတ်မှာ ၃ ခါသာ ထိုင်နိုင်ပါတယ်။ အချိန်ရှိတဲ့အခါ (ဘလော့ခ်) ကို ၀င် ကြည့်ချင်ကြည့်ပါ။ http://yamuna-clinic-delhi.blogspot.com/

bone said...

ကျွန်မကိုယ်ဝန်ပျက်ကျသွားပြီးနောက် ၂ လကြာသည် အထိ ရာသီ မဆင်းသေးပါ ။
အန္တရာယ်များရှိနိုင်ပါသလား ..
ဆေးသုံးလို့ ပျက်ကျထားတဲ့ ကိုယ်ဝန်ဖြစ်ပါတယ် ။
ကျေးဇူးပြုပြီးဖြေကြားပေးပါ ။
ကျေးဇူးတင်ပါတယ်ရှင်

bone said...

ရာသီပုံမှန် ပြန်ဆင်းနိုင်ဖို့ အတွက် ဘာဆေးတွေသောက်သင့်သလဲ .. ဘယ်လိုနေသင့်သလဲ ဆိုတာ ဖော်ပြပေးပါ ။

Dr. Tint Swe said...

အခုလိုဖြစ်ပြီးနောက် ရာသီမဆင်းသေးတာက အန္တရာယ်မဖြစ်ပါ။ တယောက်နဲ့တယောက် မတူဘူး။ ကိုယ့်မှာရှိနေတဲ့ လိင်ဟော်မုန်းတွေ အနည်းအများနဲ့ အချိုးအဆ မတူကြလို့ပါ။ သောက်လိုက်ရတဲ့ ဆေးထဲမှာလဲ ဟော်မုန်းတွေပါတာမို့ အပြောင်းအလဲ ဖြစ်သွားတာကြောင့် မဆင်းသေးတာတို့၊ နည်းသွားတာတို့၊ များလာတာတို့ တခုခုဖြစ်တာပါဘဲ။ ပြန်ဆင်းအောင် ဆေးမသောက်ဘဲလဲ အချိန် စောင့်နိုင်တယ်။ တကယ်လို့ နောက်တခါ ကိုယ်ဝန် မယူချင်သေးဘူး ဆိုရင်တော့ ရာသီမလာသေးလဲ၊ သေခြာအောင် တားနည်းတခုခု လုပ်ရပါမယ်။ အရင်က ရာသီလာတာ မှန်နေသူဆိုရင်၊ ကိုယ်ဝန်ရှိ-မရှိ ပူစရာလဲမလိုရင် အချိန်စောင့်ပါ။

ကိုယ်ဝန်ပျက်တာနဲ့မဆိုင်ဘဲ ရာသီလာတာ လမမှန်သူများ၊ အိမ်ထောင်ရှိရှိ-မရှိရှိ လမှန်မှန် လာချင်ရင် ကိုယ်ဝန်တား စားဆေးကို ၃ လ လောက်သောက်ရင် ပုံမှန်ဖြစ်လာမယ်။ နေ့စဉ် သောက်ရတဲ့ တားဆေးတွေမှာ ပဌမ ၂၁ ရက် သောက်ရတဲ့ အရောင်မတူတဲ့ ဆေးလုံးတွေ သောက်နေတုံး ရာသီမဆင်းဘဲ၊ အဲဒီဆေးလုံး ကုန်တာနဲ့ ဆင်းလာတယ်။ ဒါ့ကြောင့် တလဲထဲ ၂ ခါ လာတတ်သူတွေပါ ဒီနည်းကိုလုပ်နိုင်တယ်။ ဆရာ့ဆေးခန်းမှာတော့ အဲလိုဖြစ်နေသူက အိမ်ထောင်မရှိသူ ဖြစ်နေရင် ကိုယ်ဝန်တား စားဆေးကို တလုံးစီဖေါက်ပြီး ဆေးထည့်အိပ်ထဲထည့် ပေးလိုက်ရတယ်။ ကပ်လိုက်ဆိုရင် သူများမြင်တဲ့အခါ အထင်မမှားအောင်လို့။

ဆေးတွေကတော့ရှိတာပေါ့။ လူ့ကိုယ်က သဘာဝအတိုင်း ပြန်မှန်လာအောင် လုပ်ပါလိမ့်မယ်။ သိပ်မစိုးရိမ်ပါနဲ့။ စိတ်အေးတည်ငြိမ်မှု၊ အစာအာဟာရ လုံလောက်ညီမျှမှုဖြစ်ပါစေ။

bone said...

ကျေးဇူးတင်ပါတယ် ဆရာ ..
ကျွန်မက စိတ်ပူပြီး ခါတိုင်းသောက်နေကျသွေးဆေးတွေတောင် သောက်မိတယ် ။
ခုဆို ဆေးသောက်စရာမလိုဘူးပေါ့နော် ။ ဘယ်အချိန်လောက်ထိ ပြန်စောင့်ရမှာလဲ ။ ဇန်န၀ါရီလက ကိုယ်ဝန်ပျက်ကျထားတာပါ ။ အခု march ထိမလာသေးလို့  စိတ်ပူမိလို့ ပါ ။
ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်

bone said...

ကိုယ်ဝန်ပျက်ကျသွားပြီးနောက် နောက်တစ်ခါ ဓမ္မတာပေါ်ဖို့အတွက် အချိန်မည်မျှကြာကြာစောင့်ရတက်ပါသလဲ ဆရာ ..
၅ လ ၊ ၆ လလောက်ထိစောင့်ရတတ်ပါသလား ။
နောက်တခါ ကိုယ်ဝန်ရဖို့ကော ဖြစ်နိုင်ချေရှိပါ့မလား ။
ကျွန်မသုံးခဲ့သော ဆေးမှာ သားအိမ်အတွင်းသို့ တိုက်ရိုက်ထည့်လိုက်ရသော ဆေးဖြစ်ပါတယ် ။ ဆေး ၂ တောင့်ထည့်ရပြီးနောက် ၃ နာရီခြားကာ သွေးများဆင်လာပါတယ် ။ ပြီးနောက် ပြီးသွားပါတယ် ။
ဟော်မုန်းပြောင်းလဲသွားပြီးနောက် နဂိုအတိုင်းပြန် ပုံမှန်ဖြစ်ဖို့ အတွက် မည်မျှကြာကြာစောင့်ရတတ်ပါသလဲ ။
ကျေးဇူးတင်ပါတယ် ။

bone said...

ကိုယ်ဝန်ပျက်ကျသွားပြီးနောက် နောက်တစ်ခါ ဓမ္မတာပေါ်ဖို့အတွက် အချိန်မည်မျှကြာကြာစောင့်ရတက်ပါသလဲ ဆရာ ..
၅ လ ၊ ၆ လလောက်ထိစောင့်ရတတ်ပါသလား ။
နောက်တခါ ကိုယ်ဝန်ရဖို့ကော ဖြစ်နိုင်ချေရှိပါ့မလား ။
ကျွန်မသုံးခဲ့သော ဆေးမှာ သားအိမ်အတွင်းသို့ တိုက်ရိုက်ထည့်လိုက်ရသော ဆေးဖြစ်ပါတယ် ။ ဆေး ၂ တောင့်ထည့်ရပြီးနောက် ၃ နာရီခြားကာ သွေးများဆင်လာပါတယ် ။ ပြီးနောက် ပြီးသွားပါတယ် ။
ဟော်မုန်းပြောင်းလဲသွားပြီးနောက် နဂိုအတိုင်းပြန် ပုံမှန်ဖြစ်ဖို့ အတွက် မည်မျှကြာကြာစောင့်ရတတ်ပါသလဲ ။
ကျေးဇူးတင်ပါတယ် ။

Nang Yoon Shwe said...

အတူနေပြီးလို့ morning after pill သောက်လိုက်ပေမဲ့ သားအိမ် အပြင်မှာ သန္ဒေ တည်နိုင်ပါသေးလား ဆရာ။

Dr. Tint Swe said...

Q: အတူနေပြီးလို့ morning after pill သောက်လိုက်ပေမဲ့ သားအိမ် အပြင်မှာ သန္ဒေ တည်နိုင်ပါသေးလား။
A: Morning-after pill ဆိုတာက မျိုးဥ မထွက်ခင် (သွေးဆင်းအပြီး ၁၄ ရက်အတွင်း) သောက်ရင် မျိုးဥ ထွက်မလာအောင် လုပ်တယ်။ ဒီရက်နောက်မှ သောက်ရင် မျိုးဥကို ပြွန်ကတဆင့် သားအိမ်ထဲ ဆင်းလာမှာကို တားဆီးပြီး၊ သားအိမ်နံရံကို လာကပ်မှာကိုလည်း တားဆီးတယ်။

လက်တွေ့မှာ Morning-after pill ကြောင့် Ectopic pregnancy ရစေတယ်ဆိုတာ ကျွန်တော် သိသလောက် မဖြစ်ပါ။ (သီအိုရီ) အရ ပြန်စဉ်းစားရင် မဖြစ်နိုင်ဘူး ဆိုတာတော့ ရာနှုံးပြည့်လို့ ပြောမရဘူး ထင်ပါတယ်။ ဆေးကို သွေးဆင်းအပြီး ၁၄ ရက်နောက်မှ သောက်ရင်၊ ပြွန်ထဲကို မဆင်းဘဲ တခြားနေရာမှာ သွားတည်တာ ဖြစ်နိုင်တယ်လို့ ပြောရင် ငြင်းဘို့ ခက်ပါတယ်။

DTS

Magnolia said...

အတူနေပြီးလို့ "Emergency Contraception" ဆေး Ecee2 ကိုသောက်ပြီးသွားတဲ့ခါမှာ နောက်လတွေရော ရာသီသွေးပုံမှန်ပြန်ဆင်းပါလား သိချင်ပါတယ် ဆရာ။ ဒီဆေးက ကိုယ်ဝန်မရနိုင်အောင်တားဆီးပေးတာ သေချာပါလား ဆရာ။ ဒီဆေးကဘယ်လို Side Effectတွေရရှိနိုင်လဲ သိချင်ပါတယ်ဆရာ။

Dr. Tint Swe said...

Ecee2 ဆိုတာကို နိုင်ငံအမျိုးမျိုးမှာ နာမည်အမျိုးမျိုးနဲ့ ရှိတယ်။ ဆေးကတော့ Levonorgestrelm ဖြစ်ပေမဲ့
Mirena, Pkan B, One-Step, Next Choice လို့ရေးပြီး ရောင်းတယ်။ Progestins ဟော်မုန်းတမျိုးထဲပါတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး ဖြစ်ပါတယ်။ ပုံမှန် ကိုယ်ဝန်မရှိအောင်အတွက် သုံးဘို့ မညွှန်းပါ။ သွေးဆင်း မမှန်တာအတွက်လဲ သုံးတတ်သေးတယ်။

မရည်ရွယ်ဘဲ ဆက်ဆံမိလို့၊ သဘာမတူဖြစ်သွားလို့၊ အကာအကွယ်မပါဘဲ ဖြစ်သွားလို့ ဆိုရင် ချက်ချင်း ဒီဆေး သောက်ရတယ်။ ၇၂ နာရီအထိ သေခြာတယ်။ အမှန်က ၅ ရက်အထိ ကြာသွားတာတောင် ကာကွယ်နိုင်သေးပါတယ်။ ပဌမဆေး ၁ လုံးသောက်ပြီးနောက် ၁၂ နာရီအကြာမှာ နောက်ဆေး ၁ လုံးထပ်သောက်ရတယ်။ ဆရာဝန်က တမျိုးညွှန်ကြားတာလဲ ရှိနိုင်သေးတယ်။ ရာသီဆင်းနေတဲ့ရက် ဘယ်ရက်မှာမဆို သောက်နိုင်တယ်။

တချို့က ဆေးသောက်ပြီး အန်တတ်တယ်။ ပျို့တာ၊ ဗိုက်နာတာ၊ ခေါင်းမူးတာ၊ ရင်သားတင်းတာ၊ ခေါင်းကိုက်၊ ၀မ်းပျက်၊ မောပန်းတာ၊ အားယုတ်တာတွေ ဖြစ်တတ်တယ်။

နောက်လတွေမှာ ရာသီ ပုံမှန်ပြန်ဆင်းနိုင်သလို ပြောင်းတာမျိုးလည်း ဖြစ်နိုင်တယ်။

DTS

cristiano said...

ဆရာခင်ဗျား... ကျွန်တော်တို့ စုံတွဲက လိင်ဆက်ဆံခြင်း အဆင့်ထိ မရောက်ခဲ့ဘူးပါဘူး.. ဒါပေမယ့်.. oral sex နဲ့ အခြားသောနည်းလမ်း တွေနဲ့ သုတ်ထွက်အောင်တော့ လုပ်ခဲ့ကြပါတယ် အလွန်ဆုံးပြောရရင်.. ကျွန်တော့် သုတ်ရည်နဲ့ သူ့ vagina နဲ့ ထိမိကောင်း ထိမိနိုင်ပါတယ် ဒါပေမယ့် အတွင်းလမ်းကြောင်းထဲအထိတော့ မ၀င်ပါဘူးခင်ဗျ...
ဒါပေမယ့် အခု သူက ရာသီမလာတာ ဆယ့်ငါးရက်ကျော်နေပါပြီ ခင်ဗျ..
အထက်ပါအကြောင်းအရာတွေက ကိုယ်ဝန်ရရှိစေနိုင်ပါလား
ရာသီမလာတာကရော.. ဘယ်လို အကြောင်းများကြောင့်လဲ...
ကိုယ်ဝန်ရရှိသွားရင်.. အမြန်ဆုံးဘယ်လို နည်းလမ်းများနဲ့ သိရှိနိုင်ပါလဲ... ခင်ဗျာ..
ကျေးဇူးပြုရ်ျ ဖြေကြားပေးပါဦးဆရာခင်ဗျား.....

cristiano said...

ဆရာခင်ဗျား... ကျွန်တော်တို့ စုံတွဲက လိင်ဆက်ဆံခြင်း အဆင့်ထိ မရောက်ခဲ့ဘူးပါဘူး.. ဒါပေမယ့်.. oral sex နဲ့ အခြားသောနည်းလမ်း တွေနဲ့ သုတ်ထွက်အောင်တော့ လုပ်ခဲ့ကြပါတယ် အလွန်ဆုံးပြောရရင်.. ကျွန်တော့် သုတ်ရည်နဲ့ သူ့ vagina နဲ့ ထိမိကောင်း ထိမိနိုင်ပါတယ် ဒါပေမယ့် အတွင်းလမ်းကြောင်းထဲအထိတော့ မ၀င်ပါဘူးခင်ဗျ...
ဒါပေမယ့် အခု သူက ရာသီမလာတာ ဆယ့်ငါးရက်ကျော်နေပါပြီ ခင်ဗျ..
အထက်ပါအကြောင်းအရာတွေက ကိုယ်ဝန်ရရှိစေနိုင်ပါလား
ရာသီမလာတာကရော.. ဘယ်လို အကြောင်းများကြောင့်လဲ...
ကိုယ်ဝန်ရရှိသွားရင်.. အမြန်ဆုံးဘယ်လို နည်းလမ်းများနဲ့ သိရှိနိုင်ပါလဲ... ခင်ဗျာ..
ကျေးဇူးပြုရ်ျ ဖြေကြားပေးပါဦးဆရာခင်ဗျား.....

LIN LET PHYO said...

ဆရာecee2ကိုဖြစ်ပြီးတန်းသောက်ရတာလားဆရာ?
၁၂နာရီကြားဆေးနှလုံးစလုံးသောက်ပြီး အဲဒီနေ့တန်းဖြစ်ရင် ထပ်သောက်ရလားဆရာ?ဆေးတစ်လုံးသောက်ပြီးနောက်တစ်လုံးမသောက်ခင်ကြားကောဖြစ်လို့ရလားဆရာ?
ကျေးဇူးပြုရ်ျ ဖြေကြားပေးပါဦးဆရာ။

LIN LET PHYO said...

ဆရာecee2ကိုဖြစ်ပြီးတန်းသောက်ရတာလားဆရာ?
၁၂နာရီကြားဆေးနှလုံးစလုံးသောက်ပြီး အဲဒီနေ့တန်းဖြစ်ရင် ထပ်သောက်ရလားဆရာ?ဆေးတစ်လုံးသောက်ပြီးနောက်တစ်လုံးမသောက်ခင်
ကြားကောဖြစ်လို့ရလားဆရာ?
ကျေးဇူးပြုရ်ျ ဖြေကြားပေးပါဦးဆရာ။

LIN LET PHYO said...

ဆရာecee2ကိုဖြစ်ပြီးတန်းသောက်ရတာလားဆရာ?
၁၂နာရီကြားဆေးနှလုံးစလုံးသောက်ပြီး အဲဒီနေ့တန်းဖြစ်ရင် ထပ်သောက်ရလားဆရာ?ဆေးတစ်လုံးသောက်ပြီးနောက်တစ်လုံးမ
သောက်ခင်ကြားကောဖြစ်လို့ရလားဆရာ?
ကျေးဇူးပြုရ်ျ ဖြေကြားပေးပါဦးဆရာ။

Dr. Tint Swe said...

LIN LET PHYO said...
၁။ ဒီဆေးက ကိုယ်ဝန်ဖျက်ဆေး မဟုတ်ပါ။ ကိုယ်ဝန်တားဆေးဖြစ်တယ်။ ကိုယ်ဝန်ဖြစ်ပြီးသားကို မပျက်စေနိုင်ပါ။ ဒီဆေးထဲမှာ progesterone or oestrogen ဟော်မုန်းတွေ အများကြီးပါတယ်။ ဥဖြစ်လာမှာကိုတားတယ်၊ ဥနဲ့ သုတ်ပိုး မတွေ့အောင် တားတယ်။ သူတို့နှစ်မျိုးတွေ့ပြီးအုံးတော့ သားအိမ်အတွင်းနံရံမယ် လာတွယ်မှာကို တားတယ်။

၂။ လိင်ဆက်ဆံမှုဖြစ်ပြီး ၃-၅ ရက်အတွင်း ဆေးသောက်တယ်ဆိုရင် ဆက်ဆံတာ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် တားနိုင်တယ်။ ဆေးသောက်ထားတာနဲ့ ၃-၅ ရက်အတွင်း လိင်ဆက်ဆံမှုက အချိန်အရ အကြုံးဝင်နေရင် ကာကွယ်နိုင်မယ်။ ဆိုလိုတာက နောက်ဆုံးအကြိမ် လိင်ဆက်ဆံမှုနဲ့ တွက်ရမှာပါ။

၃။ ဆေး ၂ လုံးစလုံး သောက်ထားမှ သေခြာတယ်။ ပဌမ ၁လုံးနဲ့ ဒုတိယ ၁ လုံးကြား ဆက်ဆံမိတာလဲ အကြုံးဝင်ပါမယ်။

၎။ နောင်မှာလဲ ဆက်ဆံဘို့ရှိနိုင်သူဆိုရင် ဒီဆေးမျိုးသောက်၊ ရာသီလဲလာပြီးရင် တနေ့ ၁ လုံး၊ တလ ၂၁ လုံး သောက်ရမဲ့ဆေး ဆက်သောက်နေရမယ်။ ဒါမှမဟုတ် တခြားနည်းလမ်းတခုခုကို သုံးရမယ်။

၅။ နောင်ကို တိုက်ရိုက် အီးမေးလ် နဲ့ မေးရင် တိုက်ရိုက်ဖြေပါမယ်။ drswe01@gmail.com

Dr. Tint Swe said...

cristiano said...
ကိုယ်ဝန်ဟုတ်-မဟုတ် အသေအခြာ မပြောနိုင်ပါ။ Urine for pregnancy test နဲ့ စမ်းပါ။ မျဉ်း ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်။

pyone said...

RU486 (Mifepristone)ကိုဆရာဝန်ညွန်ကြားချက် မရှိဘဲသောက်ရင် ဘယ်လို ဘေးထွက်ဆိုးကြိုးတွေရနိုင်ပါသလဲဆရာ

Dr. Tint Swe said...

Medical Abortion (RU486)
ဘေးထွက်ဆိုးကျိုးတွေက ဒုတိယ ဆေးကြောင့်ဖြစ်တာ များတယ်။ သွေးအများကြီးဆင်းမယ်၊ ခေါင်းကိုက်မယ်၊ ပျို့-အန်မယ်၊ ၀မ်းပျက်တတ်တယ်၊ ဗိုက်အတော်နာမယ်။

marium said...

ဆရာရှင့် ကျွန်မနဲ့ကျွန်မချစ်သူမရည်ရွယ်ပဲနဲ့ကိုယ်ဝန်ရချင်သလို ဖြစ်နေပါတယ် ..ရာသီမလာတာတော့ ပုံမှန်လာရမယ့်ရက်ထက်၂ပတ်ကျော်နေပါပြီ.
မသကာင်္လို့ ဆီး စစ်ကြည့်လိုက်တော့ကိုယ်ဝန်ရှိနေတဲ့လက္ခဏာပြနေပါတယ် ..ကူညီပါဦးဆရာ ..အလွန်ဆုံးရှိ ၁လလောက်လို့ပဲထင်ပါတယ်..ဆေးနဲ့ပဲဒီကိုယ်ဝန်ကိုဖျက်ချချင်ပါတယ် ..ဆေးနည်းကောင်းလေးများပေးပါဦးဆရာရယ်..

marium said...

ဆရာရှင့် ..ကျွန်မနဲ့ကျွန်မချစ်သူအတူတူနေရင်းနဲ့မထင်မှတ်ပဲကိုယ်ဝန်ရှိနေပါပြီ..ရာသီလာရမည့်ရက်ထက် ၂ပတ်ကျော်နေပြီမလာလို့ ဆီးစစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိတဲ့လက္ခဏာပြနေပါတယ်..ကူညီပါဦးဆရာရယ် ..ဒီအချိန်မှာခလေးယူလို့ မဖြစ်သေးလို့ပါ ..ဆေးသောက်ရုံနဲ့ပဲဒီကိုယ်ဝန်ကိုဖျက်ချချင်ပါတယ်..ဘာလို့လည်းဆိုတော့၁လလောက်ပဲရှိသေးတယ်လေ...အဲဒါကြောင့်ထိရောက်မယ့်ဆေးနည်းကောင်းလေးများပေးပါဦးဆရာရယ်..

marium said...

ဆရာရှင့် ..ကျွန်မနဲ့ကျွန်မချစ်သူအတူတူနေရင်းနဲ့မထင်မှတ်ပဲကိုယ်ဝန်ရှိနေပါပြီ..ရာသီလာရမည့်ရက်ထက် ၂ပတ်ကျော်နေပြီမလာလို့ ဆီးစစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိတဲ့လက္ခဏာပြနေပါတယ်..ကူညီပါဦးဆရာရယ် ..ဒီအချိန်မှာခလေးယူလို့ မဖြစ်သေးလို့ပါ ..ဆေးသောက်ရုံနဲ့ပဲဒီကိုယ်ဝန်ကိုဖျက်ချချင်ပါတယ်..ဘာလို့လည်းဆိုတော့၁လလောက်ပဲရှိသေးတယ်လေ...အဲဒါကြောင့်ထိရောက်မယ့်ဆေးနည်းကောင်းလေးများပေးပါဦးဆရာရယ်..

marium said...

ဆရာရှင့် ..ကျွန်မနဲ့ကျွန်မချစ်သူအတူတူနေရင်းနဲ့မထင်မှတ်ပဲကိုယ်ဝန်ရှိနေပါပြီ..ရာသီလာရမည့်ရက်ထက် ၂ပတ်ကျော်နေပြီမလာလို့ ဆီးစစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိတဲ့လက္ခဏာပြနေပါတယ်..ကူညီပါဦးဆရာရယ် ..ဒီအချိန်မှာခလေးယူလို့ မဖြစ်သေးလို့ပါ ..ဆေးသောက်ရုံနဲ့ပဲဒီကိုယ်ဝန်ကိုဖျက်ချချင်ပါတယ်..ဘာလို့လည်းဆိုတော့၁လလောက်ပဲရှိသေးတယ်လေ...အဲဒါကြောင့်ထိရောက်မယ့်ဆေးနည်းကောင်းလေးများပေးပါဦးဆရာရယ်..

Dr. Tint Swe said...

marium said...
အရင် မေးဘူးတာတွေကို ဖြေသလိုဘဲ။ ကျွန်တော်က မြန်မာပြည်က ဆေးပညာသင်ထားသူမို့ တမင် ကိုယ်ဝန် ပျက်စေတာကို မခိုင်း-မလုပ်ပေးပါ။ ပညာအရသာ ဆေးခန်းက ဆရာမတွေ တတ်သိ နားလည်ကြအောင် ကိုယ်ဝန်ဖျက်တဲ့အကြောင်းတွေ ရေးပါတယ်။

black said...

ကိုယ်ဝန်ပျက်ကျပြီး သွေးဆင်းနည်းနေတာ (ဆိုင်ဒိုတက်)တစ်လုံးသောက်ဖို့လိုလား သားအိမ်ထဲမှာ တစ်ခုခုကျန်နေမှာစိုးလို့ပါ
ဘယ်လိုနည်းများသုံးသင့်ပါလဲ
ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ

black said...

ကိုယ်ဝန်ပျက်ကျပြီး သွေးဆင်းနည်းနေတာ (ဆိုင်ဒိုတက်)တစ်လုံးသောက်ဖို့လိုလား သားအိမ်ထဲမှာ တစ်ခုခုကျန်နေမှာစိုးလို့ပါ
ဘယ်လိုနည်းများသုံးသင့်ပါလဲ
ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ

Dr. Tint Swe said...

Cytotec (ဆိုက်တိုတက်) ဆေးဟာ Misoprostol (မီဆိုပရိုစတော) ဖြစ်တယ်။ ဆေးဝါးဗေဒလိုပြောရင် Prostaglandin (ပရိုစတက်ဂလင်ဒင်) ဆေးဖြစ်တယ်။

အကိုက်အခဲပျောက်ဆေးကြောင့် အစာအိမ်လေနာဖြစ်မှာကို ကာကွယ်ဘို့ အရင်သုံးနေခဲတယ်။ လူကနေလဲ အလိုလို ထုတ်ပေးနေတယ်။ 100 နဲ့ 200 mcg ဆိုပြီးလာတယ်။ တနေ့ ၄ ကြိမ်ပေးတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မပေးရဘူး။ ကိုယ်ဝန် ပျက်နိုင်တယ်။ ကလေးကိုထိခိုက်နိုင်တယ်။ စောမွေးစေနိုင်တယ်။ သွေးဆင်းများနိုင်တယ်။ ရှားရှားပါးပါး သားအိမ်ကွဲတာလဲ ဖြစ်ဘူးတာရှိတယ်။ ဘေးထွက်-ဆိုးကျိုး = ဗိုက်နာ၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ပျို့-အန်-လေတက်။

တချို့ဆရာဝန်တွေက ကိုယ်ဝန်တားဘို့ရာ (ကောပါး-တီ) မထည့်ခင်မှာ သားအိမ်ဝကို ကျယ်စေ-ပြော့စေဘို့အတွက် ဒီဆေးကို သုံးတတ်တယ်။ အထူးသဖြင့် ကလေး မမွေးဘူးသေးတဲ့ အမျိုးသမီးတွေ။

တချို့ဆေးရုံတွေက ကလေးမွေးတဲ့အခါ သားအိမ်အဝ ကျယ်စေဘို့အတွက် သုံးတယ်။ မွေးလမ်းကြောင်းထဲကို ဆေးပြားကို ချေပြီး (သေးအောင်ခွဲပြီး) ထည့်ပေးတယ်။ ပါးစပ်ကလဲ သောက်နိုင်တယ်။ ကိုယ်ဝန်ဖျက်ဘို့အတွက်လဲ သုံးတာရှိတယ်။

ဒါပေမဲ့ ၁၉၉၉ American College of Obstetricians and Gynecologists အမေရိကန် သားဖွါး-မီးယပ် ကောလိပ်က ဆရာဝန်တွေက သားအိမ်ကွဲနိုင်တာကို သတိပေးထားတာတယ်။ FDA က အသိအမှတ် ပြုမထားဘူး။

Dr. တင့်ဆွေ
၁၅-၁-၂ဝ၁၂

black said...

ကိုယ်ဝန်(၁)လကျော်ကျော်မှာဆိုင်ကယ်စီးရင်း သွေးတွေအများကြီးဆင်းလာပါတယ် ညနေရောက်တော့သွေးခဲလေးတွေဆင်းလာပါတယ် မနက်ရောက်တော့ဆီးစစ်တံနဲ.စစ်ကြည့် တော့ မျည်းနှစ်ကျောင်းပေါ်နေပါတယ်အခုထိသွေးနည်းနည်းဆင်းနေတုန်းဘဲအဲတာဘာကြောင့်ပါလည်းဆရာကိုယ်ဝန်ရှိနေနိုင်သေးလားဆရာ

black said...

ကိုယ်ဝန်(၁)လကျော်ကျော်မှာ ဆိုင်ကယ်စီးရင်း သွေးတွေအများကြီး ဆင်းလာပါတယ် ညနေရောက်တော့သွေးခဲလေးတွေ ဆင်းလာပါတယ် မနက်ရောက်တော့ ဆီးစစ်တံနဲ.စစ်ကြည့် တော့ မျည်းနှစ်ကျောင်းပေါ်နေပါတယ် အခုထိသွေးနည်းနည်းဆင်းနေ တုန်းပါပဲ အဲဒါ ကိုယ်ဝန်ရှိနေနိုင်သေးလားဆ၇ာ

Dr. Tint Swe said...

black said...
မေးတာကို သိပ်မရှင်းပါ။ ကိုယ်ဝန် တလကျော်လို့ ရေးထားတယ်။ ဆီးစစ်တော့ အပေါင်းပြနေတယ်လို့ပါ သက်သေထူးထားတယ်။ ကိုယ်ဝန်ရှိနေနိုင်သေးလားဆိုတာက ကိုယ်ဝန် ရှိခဲ့ပြီး ပျက်သွားတာက မကုန်သေးတာ၊ ဆက်ရှိနေသေးတာကို မေးတာထင်ပါတယ်။ ကိုယ်ဝန်စရှိကတည်းကနေ ဆီး-သွေးစစ်ရင် အပေါင်းပြနေမယ်။ ကိုယ်ဝန်ဆက်တည်တာဘဲဖြစ်ဖြစ် ပျက်သွားလို့ဘဲဖြစ်ဖြစ် ပြနေမယ်။ ဒါပေမဲ့ ပျက်သွားရင်တော့ ကြာကြာအဲလို အပေါင်းမပြနိုင်ပါ။ ကိုယ်ဝန်ရှိစမှာ သွေးဆင်းတာက ကိုယ်ဝန်ပျက်တာအပြင် တခြား အကြောင်းကြောင့်လဲ ဆင်းနိုင်တယ်။ ဒုတိယအမျိုးအစားဆိုရင် ကိုယ်ဝန်ဆက်ရှိနိုင်တယ်။ ဆက်ရှိစေအာင် သတိထားရလိမ့်မယ်။

ဆက်စပ်ပြီး ဖတ်နိုင်တာတွေရှိပါတယ်။
• Bleeding PV သွေးသွန်ခြင်း
• Miscarriage ကိုယ်ဝန်ပျက်ခြင်း
• Abortion မလိုချင်တဲ့ ကိုယ်ဝန် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈)
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁ဝ၅)
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၂)
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၆)