နိုင်ငံတစ်ခုကို ရောက်နေတဲ့ (ဘလော့ဂ်)ကိုလည်း ဖတ်တဲ့၊ ရောဂါ တစ်ခုခုလည်း ရှိနေတဲ့ မြန်မာ အမျိုးသားတစ်ဦးရဲ့ အမေးကို ဒီလို ဖြေလိုက်ပါတယ်။
၁။ ကျားလိင်တံမှာ တစ်ခုမက အစုလိုက် နာတဲ့ အနာဆိုရင် genital herpes ရေယုံ ဖြစ်နိုင်ပါတယ်။ လိင်တံ များသာမက စအို နဲ့ တင်ပါး တစ်ဝိုက်မှာလဲ ပေါက်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နည်းနည်း ပူတတ်တယ်။ များသောအားဖြင့် STI လိင်လမ်းကြောင်း ကတစ်ဆင့် ကူးစက်ရောဂါ တစ်မျိုး ဖြစ်တယ်။ ယောက်ျားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။
ရေယုံဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ အတိအကျ ပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့ ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သာအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင် လုပ်ဖို့ပါ။ သန့်ရှင်းရေး လုပ်တာ ကောင်းတယ်။ အ၀တ်အစား ၀တ်တာတာင် cotton underwear ကောင်းတယ်။ ဖြစ်နေချိန်မှာ အတူ နေတာ(လိင်ဆက်ဆံတာ) ကို ရှောင်ပါ။

Acyclovir (Zovirax), famciclovir (Famvir), or valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ် ဆေးတွေပါ။ နာတယ် ဆိုရင် အနာ သက်သာဆေးတွေ ibuprofen (Advil) or acetaminophen (Tylenol) သောက်ရပါမယ်။ သဘာဝ ဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine, Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တစ်နေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁၀ ရက် သောက်ရတယ်။ လိင်လမ်းမှာ ဖြစ်တာမျိုးကိုတော့ ၁ နှစ် အထိ ပေးရတာလဲ ရှိတယ်။
၂။ အနာက မုံလာပွင့်လို သဏ္ဍာန်ဆိုရင် ကြွက်နို့ ဖြစ်မယ်။ နောက်ဆက်တွဲ ပိုး ထပ်ဝင်တာ မရှိသ၍ မနာပါ။ နည်းနည်းယားတာ ပူတာမျိုး ရှိတတ်ပါတယ်။ အရည် ထွက်တာမျိုးလဲ ရှိနိုင်တယ်။ ကြွက်နို့ ကုဖို့ သတ်သတ် ရေးထားပါတယ်။
၃။ ကျားလိင်တံမှာ တစ်ခုတည်းသော အနာ(အဖု) ဆိုရင် syphilis ဖြစ်နိုင်ပါတယ်။ မနာတဲ့ အနာကို chancre လို့ ခေါ်ပါတယ်။ ဒီအနာနဲ့ တွဲပြီး ပေါင်ခြံမှာ အကြိတ် ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် syphilis ရှိတယ်လို့ ခေါ်တယ်။
ှSyphilis ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တစ်ခါထိုးရင် ၂့၎ ယူနစ် တစ်ပါတ် တစ်ခါ၊ ပေါင်း ၃ ခါ ထိုး ရတယ်။
၎။ ကျားလိင်တံမှာ တစ်ခုမက ပန်းရောင်နဲ့ အရေပြားပေါ် ခပ်ဖေါင်းဖေါင်းလေး ဖြစ်တာမျိုးက molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ် ကြောင့် ဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် မနာပါ။ တစ်ခါတစ်လေ နာပြီး၊ ယားသလို ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ် ဆေးတွေကို အားကိုးပါ။
၅။ ကျားလိင်တံမှာ အနာတွေက တစ်ခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာ ဆိုရင် chancroid လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိ ရှိနိုင်တယ်။ နှုတ်ခမ်းသား တိတိကျကျ ရှိတယ်။ ညီညီညာညာ မဟုတ်ဘူး။ ထိရင်၊ လှုပ်ရင် သွေးထွက် နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါ၀ါနေမယ်။ ပဋိဇီဝဆေး azithromycin, ceftriaxone, ciprofloxacin, and erythromycin တွေက နိုင်တယ်။ ပေါင်ခြံ အကြိတ်က လိုအပ်ရင် ခွဲစိတ်ရပါမယ်။
၆။ ကျားလိင်တံမှာ ခပ်မဲမဲ အကွက်ကို သာမန် မျက်စိနဲ့ မမြင်ရသလောက် ရှိတာမျိုးက ရှာရှားပါးပါး crabs ခေါ်တာ ဖြစ်နိုင်တယ်။ အမွှေးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကျ မြင်ရတယ်။
၇။ ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ scabies ယားနာပါ။ ဆေးတွေကတော့ Permethrin, crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။
ဂ။ ပေါင်ခြံမှာ တခြား နေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုး ပြည်တည်နာတွေ (abscesses) လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။
၉။ လိင်တံ ကင်ဆာ Cancer – penis
အမှန်ပြောရရင် ဘယ်နေရာမှာ ဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ် ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ ကနေ့ အထိ မသိသေးပါ။
လိင်တံကို ဖုံးတဲ့ အရေပြားအောက်မှာ အနံ့ဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေ ရှိနေရင် ကင်ဆာ ဖြစ်စေတတ်တယ်။ တစ်ချိန်က ကြွက်နို့ ဖြစ်ဖူးသူ၊ လိင်တံ အရေပြားကို ငုံနေပါလျက် မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေး နည်းသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။
အနာ လိုလို အလုံး လိုလို အကြိတ်အခဲ လိုလို စ ဖြစ်တာပါ။ ကြွက်နို့နဲ့လဲ တူတယ်။ မုံလာပွင့်လို နေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကျမှ သွေးထွက်တာ၊ နာတာတွေ ဖြစ်လာတယ်။ လိင်တံရဲ့ ထိပ်ပိုင်းမှာ အဖြစ် အများဆုံးပါ။
သေချာအောင် အသားစ ဖြတ်ယူ စစ်ဆေးနည်း biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊ Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ် ကုသတာတွေ ပါတယ်။
(အသုံးအနှုန်း ရိုင်းတာလေးများ ပါသွားရင် ကန်တော့ပါဗျာ။)
တင့်ဆွေ
၁၉-၈-၀၉

10 comments:
STI ဖြစ်ရင် အိမ်က မိန်းမ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ လိင်ဆက်ဆံဘက်ကိုပါ အတူတူ ဆေးကုဖို့ လိုကြောင်း၊ ဘာကြောင့် လိုအပ်ကြောင်းလေးပါ ပြောပေးပါလို့ တောင်းဆိုချင်ပါတယ်။
ဖြစ်နေကျတွေက ယောက်ျားက မိန်းမ မသိအောင် ဆေးကုထားပြီး မိန်းမက ကလေးမွေးခါနီး စစ်မှ ဆစ်ဖလစ်ပိုး တွေ့တာမျိုး ဖြစ်တတ်တာ။
အဲဒီအချိန်မှာ သူတို့က မေ့နေလောက်ပြီဆိုတော့ မိန်းမကို ဘယ်ကရလဲလို့တောင် ပြန်စွပ်စွဲတတ်ကြသေးတာ။
အဲလိုနဲ့ ကွဲတဲ့ စုံတွဲတွေတောင် ရှိဖူးပါတယ်။
Thank you Sayar!
No , I'm Sayama :P
ဆ၇ာ ကျွန်တော် ဂွေးဥ အတွင်းအိတ် ဥပေါ်မှာအကြိတ်လုံးလိုနှစ်လုံးဖြစ်နေလို့ပါဆ၇ာ..ဘယ်ဆ၇ာဝန်နဲ့ပြ၇မလဲမသိဘူး ဆ၇ာ ညွန်ကြားပေးပါ ဆ၇ာ
ဂွေးဥ အတွင်းအိတ် ဥပေါ်မှာ အကြိတ်လုံးလို နှစ်လုံး
စာနဲ့မေးတာမို့ မျက်စိနဲ့ကြည့် လက်နဲ့စမ်းရသလို မသေခြာတာမို့ မှန်းပြီး ရမ်းကုလုပ်ရတော့မှာဘဲဗျာ။
ယောက်ကျားတွေ ကပ်ပယ်အိတ် ခေါ် Scrotum တ၀ှိုက်မှာ ဖြစ်တတ်တာတွေက အမျိုးပေါင် (၁၃)ခုတိတိ ရှိပါတယ်။ မကြောက်ပါနဲ့။ အများစုရောဂါတွေက ကုတာလွယ်ပြီး ပျောက်ဘို့ မခက်ကြပါ။
Inguinal hernia အူကျရောဂါ၊ Testicular torsion အစေ့လိန်ခြင်း၊ Hydrocele မုတ် (မုတ္တ) ခေါ် အရည်များခြင်း၊ Epididymal cyst အစေ့အထက်နားအိတ်ဖြစ်ခြင်း၊ Epididymo-orchitis အစေ့-အကြောရောင်ခြင်း၊ Haematocele မုတ် (မုတ္တ) အရည်မဟုတ်ဘဲ သွေးဖြစ်နေခြင်း၊ Hydrocoele of testis အစေ့တွင် မုတ်ဖြစ်ခြင်း၊ Lipoma of spermatic cord အကြောမှာ အဆီအိတ်ဖြစ်ခြင်း၊ Mumps မော်နာ ဒါမှမဟုတ် ပါးချိတ်ရောင်နာနှင့် ဆက်နေသော ကူးစက်နာဖြစ်ခြင်း၊ Scrotal haematoma အိတ်ထဲသွေးယိုခြင်း၊ Varicocoele သွေးပြန်ကြောများထုံးခြင်း။ Spermatocele အစေ့အပေါ်တွင် သုတ်ပိုးများစုနေခြင်း၊ Testicular cancer အစေ့ကင်ဆာဖြစ်ခြင်း၊
တကယ်လို့ ရောဂါလက္ခဏာကို နဲနဲစုံအောင်သိရရင် မကြည်ဘဲနဲ့ အတတ်ဟောနိုင်ပါတယ်။ ဆိုပါစို့ ကြာပြီလား၊ နာသလားနဲ့ အနေအထားပြောင်းရင် သေးသွားလား-သေးမသွားလား။ ဒီမေးခွန်း ၃ ခုလောက်နဲ့ ပြောနိုင်တတ်ပါတယ်။
ရောဂါအားလုံးအနက် တခုကလွဲရင် ခွဲစိတ်ဆရာဝန်နဲ့ဆိုင်တာချည်းဖြစ်လို့ ခွဲစိတ်အထူးကုဆရာဝန်ကို ပြရပါမယ်။ အထူးကု မဟုတ်တဲ့ ရိုးရိုးဆရာဝန် (ကျွန်တော်တို့လို ဂျန်ဂယ်)တွေကလဲ အတော်များများ လုပ်ပေးနိုင်ပါတယ်။ ခွဲရဦးတော့ မခက်တာတွေပါ။ ဆရာဝန်ပေါက်စများ လက်သင်စမ်းကြရတာ ဒီရောဂါတွေမို့ပါ။
Re: No , I'm Sayama
ဆောရီး၊ ကျွန်တော်မှားတာ တခါမဟုတ်ဘူး။ တလောက စင်္ကာပူကနေ ဆေးခန်းလေးအတွက် လှူချင်သူတဦးနဲ့ အပြန်အလှန် အီးမေးလ် နဲ့ ရေးတြတယ်။ နာမယ်ဖတ်ပြီး တရုပ်လို့ ထင်ပြီးရေးမိတယ်။ နောက် ရှမ်း-တရုပ်-ဗမာ ကပြားဖြစ်နေရော။ ဒါနဲ့ ဦ့း့ ခင်များလို့ ကိုယ့်အမှား ပြင်လိုက်ပြန်တယ်။ ဆောရီးပေါ့။ နောက်တခါ အသံဖိုင်နဲ့ လာပါလေရော၊ အမျိုးသမီးကြီးတဲ့ဗျာ။
ကိစ္စ မရှိပါဘူး ဆရာ။
လာပြီး ရေးပေးနေတာ၊ မေးခွန်းတွေ ဖြေပေးနေတာကို အရမ်း ကျေးဇူတင်ပါတယ်။
လွန်ခဲ့သော၉နှစ် လောက်ကသေးသးလေးတစ်လဲုးထဲပါ။ နောက်၎ နှစ်လောက်ကျတော့ တစ်လဲုးထပ် ပေါ်လာပါတယ်။ဆန်စေ့ လောက်၇ှိပါတယ်..တစ်ခါတလေကျ၇င် လက်လေးနဲ့သွားစမ်းကြည့်၇င် အောင့်ပါတယ်...စမ်းကြည့်၇င်မအောင့်တာများပါတယ်..တစ်ခါတလေကျ၇င်တော့ သေးသွားပါတယ်..အနေအထားပြောင်း၇င်လည်း သေးလိုက်ကြီးလိုက် ဖြစ်ပါတယ် ဆ၇ာ....
ဘယ်လိုလုပ်၇မလဲညွန်ကြားပေးပါဗျာ
ဆရာ ယောက်ကျား တစ်ယောက် လိင်တံ ဟာ လိင် ဆက်ဆံ ဖိုအတွက် ဘယ်လောက် ရှိသင် ဘာလဲ ဆရာ ပြည်ပြည်စုံစုံပြောပြပေးပါဆရာ အမှားပါပါသွာရင်း ခွင်လွတ်ပါဆရာ
Can I answer that question?
I think the problems with both men and women are ' what should ?' .. actually , you should believe what you have are correct size.
Please just beware of all the risks you will take if you decided to have an unsafe sex.
Post a Comment